1240

အလုပ်ရုံဆွေးနွေးပွဲ ကျင်းပခြင်း

၂၀-၉-၂၀၁၆ရက်နေ့၊ (၁၀း၀၀)နာရီအချိန် မွန်ပြည်နယ်လွှတ်တော်ရုံး ဆွေးနွေးပွဲခန်းမတွင် မွန်ပြည်နယ်လူအခွင့်အရေးဖောင်ဒေရှင်းမှ Program Director နိုင်အဲမွန် ဦးဆောင်၍ မွန်ပြည်နယ်အတွင်းရှိ အကြီးစားရင်းနှီးမြှုပ်နှံမှုများကို သုသေနပြုလုပ်ထားသော လူမှုဝန်းကျင်နှင့်သဘာဝပတ်ဝန်းကျင်အကျိုးသက်ရောက်မှုများမှ ဆက်စပ်ဖြစ်ပေါ်လာသော မြေယာအခွင့်အရေးများနှင့်ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ မူဝါဒသဘောထားများအကြောင်း ရှင်းလင်းတင်ပြပွဲနှင့်မွန်ပြည်နယ်နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဆန်းစစ်ခြင်း အစီရင်ခံစာ အလုပ်ရုံဆွေးနွေးပွဲ ကျင်းပပါသည်။

အဆိုပါ အလုပ်ရုံဆွေးနွေးပွဲသို့ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များ၊ ရေးမြို့နယ်၊ ကျိုက်မရောမြို့နယ်နှင့်ပေါင်မြို့နယ်တို့မှ ဒေသခံပြည်သူများ၊ မဂဒူးမွန်ဒေသရပ်ရွာဖွံ့ဖြိုးရေးအဖွဲ့တို့မှ တာဝန်ရှိသူများ တက်ရောက်ကြပါသည်။

ဆွေးနွေးပွဲတွင် မွန်ပြည်နယ်အတွင်း ကျောက်ထုတ်လုပ်မှု၊ ကျောက်မီးသွေးသုံး လျှပ်စစ်ဓာတ်အားဖြင့် စက်ရုံတည်ဆောက်မှုတို့နှင့်စပ်လျဉ်းပြီး ပြည်သူများ ခံစားနေရသော မြေယာကိစ္စ၊ စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေးကိစ္စရပ်များကို ဆွေးနွေးကြပါသည်။

20160920_101328 20160920_112156 20160920_110341 20160920_112616 20160920_120238